နိုဝင်ဘာ ၆၊ ၂၀၂၆

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ၂၀၂၆ Ballon d’Or ဆုရရှိမှုဟာ ကွင်းတွင်းအောင်မြင်မှုတစ်ခုသာမက အသင်းရဲ့ Digital Media ပိုင်းမှာပါ စံချိန်သစ်တွေ ရရှိစေခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ Ballon d’Or ဆုပေးပွဲနဲ့ပတ်သက်တဲ့ Content ပေါင်း ၁,၂၀၀ ကျော်ကို ထုတ်လွှင့်ခဲ့ပြီး ဗီဒီယိုကြည့်ရှုမှု သန်း ၆၃၀ ကျော်၊ Engagement သန်း ၈၀ နဲ့ Follower အသစ် ၂.၁ သန်းအထိ ရရှိခဲ့ပါတယ်။

အထူးသဖြင့် ဟယ်ရီကိန်းနဲ့ Ballon d’Or ဆုဖလားကို အတူမြင်တွေ့ရတဲ့ TikTok ဗီဒီယိုဟာ Like ၁၁ သန်းအထိ ရရှိခဲ့ပြီး ဘိုင်ယန်အသင်းသမိုင်းမှာ အအောင်မြင်ဆုံး Social Media Post အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

နိုဝင်ဘာ ၄ ရက်က Bulinews နဲ့ အင်တာဗျူးမှာ ဘိုင်ယန်ရဲ့ Marketing နဲ့ Sales အကြီးအကဲ Rouven Kasper က လက်ရှိရရှိထားတဲ့ လူစိတ်ဝင်စားမှုအရှိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အနေနဲ့ ဒီလိုအောင်မြင်မှုကို အသုံးချပြီး နိုင်ငံတကာပရိသတ်အင်အား တိုးချဲ့နိုင်ဖို့လည်း ရည်ရွယ်နေပါတယ်။