နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲမရထားတဲ့ မန်စီးတီးဟာ ချန်ပီယံလိဂ်ပွဲစဉ် ၄ မှာ အိမ်ကွင်းခြေစွမ်းကောင်းနေတဲ့ RB လိုက်ပ်ဇစ်ကို ဂျာမနီမြေမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
နိုဝင်ဘာ ၄ ရက်ညမှာ Red Bull Arena ကွင်း၌ ယှဉ်ပြိုင်မယ့် UEFA Champions League League Phase ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ RB လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီပွဲဟာ လက်ရှိရလဒ်တွေကြောင့် ဖိအားတွေရှိနေတဲ့ မန်စီးတီးနည်းပြ အန်ဇိုမာရက်စကာအတွက် အရေးပါတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာမှာပါ။
မန်စီးတီးရဲ့ နောက်ဆုံးခြေစွမ်း
မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ ပေါ်တိုကို ၂-၀ ဂိုး၊ AEK Athens ကို ၅-၁ ဂိုးနဲ့ အနိုင်ယူထားပေမဲ့ PSG ကို အိမ်ကွင်းမှာ ၄-၂ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။
ပြည်တွင်းပွဲစဉ်တွေမှာလည်း ရလဒ်မကောင်းခဲ့ဘဲ အက်စတွန်ဗီလာနဲ့ ဘရိုက်တန်တို့ကို ပရီးမီးယားလိဂ် နှစ်ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ အထူးသဖြင့် ဘရိုက်တန်ကို အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ ရှုံးခဲ့တာကြောင့် မန်စီးတီးရဲ့ တိုက်စစ်ပိုင်း ထိရောက်မှုနဲ့ ခံစစ်အားနည်းချက်တွေက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ မန်စီးတီးမှာ အာလင်းဟာလန်း၊ ဖီးလ်ဖိုဒန်၊ ရာယန်ချာကီနဲ့ ဂျယ်ရမီဒိုကူတို့လို ပွဲအဖြေပြောင်းလဲနိုင်တဲ့ တိုက်စစ်ကစားသမားတွေ ရှိနေဆဲဖြစ်ပါတယ်။

အိမ်ကွင်းခြေစွမ်းကောင်းနေတဲ့ လိုက်ပ်ဇစ်
တစ်ဖက်မှာတော့ နည်းပြ မာတင်ဒီမီချီလစ်ရဲ့ လိုက်ပ်ဇစ်ဟာ ချန်ပီယံလိဂ်မှာ ကိုမိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ၄-၁ ဂိုးစီနဲ့ ရှုံးနိမ့်ထားပေမဲ့ PSV ကို အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ အနိုင်ရထားပါတယ်။
လိုက်ပ်ဇစ်ရဲ့ အားသာချက်က အိမ်ကွင်းခြေစွမ်းဖြစ်ပါတယ်။ ပြိုင်ပွဲစုံ အိမ်ကွင်းနောက်ဆုံး ၁၀ ပွဲဆက် အနိုင်ရထားတာကြောင့် မန်စီးတီးအတွက် လွယ်ကူမယ့်ပွဲ မဟုတ်ပါဘူး။
အန်တိုနီယိုနူဆာရဲ့ လျင်မြန်မှုနဲ့ ရိုမူလိုရဲ့ တိုက်စစ်လှုပ်ရှားမှုတွေဟာ မန်စီးတီးခံစစ်အတွက် အဓိကခြိမ်းခြောက်မှု ဖြစ်လာနိုင်ပါတယ်။
ဟာလန်းရဲ့ လိုက်ပ်ဇစ်နဲ့ ထူးခြားတဲ့မှတ်တမ်း
ဒီပွဲမှာ စောင့်ကြည့်ရမယ့် ကစားသမားကတော့ မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်း ဖြစ်ပါတယ်။
ဟာလန်းဟာ လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ရှစ်ပွဲမှာ ၁၂ ဂိုးအထိ သွင်းယူထားပါတယ်။ အထူးသဖြင့် ၂၀၂၃ ခုနှစ် ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ်ကို မန်စီးတီးက ၇-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟာလန်းတစ်ဦးတည်း ငါးဂိုးသွင်းယူခဲ့ဖူးပါတယ်။
နှစ်သင်းရဲ့ ယခင်တွေ့ဆုံမှု ခြောက်ကြိမ်မှာလည်း စုစုပေါင်း ဂိုး ၃၀ အထိ သွင်းယူထားတာကြောင့် ဒီတစ်ကြိမ်တွေ့ဆုံမှုမှာလည်း ဂိုးများနိုင်တဲ့ အလားအလာရှိနေပါတယ်။
ဒဏ်ရာရကစားသမားများ
မန်စီးတီးဘက်မှာ တိုက်စစ်ကစားသမား အန်တွမ်ဆီမန်ညိုဟာ ဒူးဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
လိုက်ပ်ဇစ်မှာတော့ အက်ဆန်အူဒရာအိုဂိုနဲ့ မာ့ခ်ဂီယူတို့ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး နောက်ခံလူ မက်ဇင်အက်စတေဗ်ရဲ့ ပါဝင်နိုင်မှုကလည်း မသေချာသေးပါဘူး။
ပွဲအလားအလာ
မန်စီးတီးဟာ ကစားသမားအရည်အသွေးနဲ့ တိုက်စစ်အင်အားအရ အသာစီးရထားပေမဲ့ လက်ရှိခံစစ်ပိုင်း အားနည်းချက်တွေကြောင့် လိုက်ပ်ဇစ်ရဲ့ တန်ပြန်တိုက်စစ်ကို သတိထားရမှာဖြစ်ပါတယ်။
အိမ်ကွင်းနိုင်ပွဲဆက်နေတဲ့ လိုက်ပ်ဇစ်ကလည်း မန်စီးတီးကို ဖိအားပေးနိုင်စွမ်းရှိတာကြောင့် နှစ်သင်းစလုံး ဂိုးသွင်းနိုင်တဲ့ အကြိတ်အနယ်ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။
ခန့်မှန်းရလဒ် — RB လိုက်ပ်ဇစ် ၁–၂ မန်စီးတီး
